မြန်မာ့လက်မှုပစ္စည်းထုတ်လုပ်သူများအတွက် စီးပွားရေးဆိုင်ရာလမ်းညွှန်ဆိုသည်မှာ မြန်မာ့လက်မှုကဏ္ဍနှင့် စူးစမ်းတီထွင်လိုသောလုပ်ငန်းများအတွက် ရည်ရွယ်ထားသော အလွယ်တကူ လေ့လာနိုင်သည့် စီးပွားရေးဆိုင်ရာလမ်းညွှန်စာအုပ်ဖြစ်ပါသည်။
ကုန်ပစ္စည်းထုတ်လုပ်ခြင်းမှသည် ရောင်းအားမြှင့်တင်ခြင်း၊ ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ်ခြင်း စသော သင်ခန်းသာများကို ထည့်သွင်းပေးထားပြီး လမ်းညွှန်စာအုပ်သည် စီးပွားရေးဆိုင်ရာ စံကျင့်စဉ်များကို သုံးသပ်ပေးထားသည်။ ထို့ပြင် လက်တွေ႕အသုံးဝင်သော နည်းလမ်းများဖြင့် ကြုံတွေ႕နိုင်သောစီးပွားရေးအခက်အခဲများကို ကျော်လွှားနိုင်ရန် နှင့် သင်တစ်ဦးတည်းသာမက သင့်မိသားစုနှင့် သင့်ရပ်ရွာ စီးပွားမြှင့်တင်ရေးတို့အတွက်ပါ အထောက်အကူဖြစ်စေပါသည်။
သင်သည် စီးပွားရေးအခုမှစလုပ်သူလား သို့မဟုတ် စီးပွားရေး အတွေ႕အကြုံရှိပြီးသူလား ဟူသော သင့်၏လိုအပ်ချက်များပေါ်မူတည်၍ ဤလမ်းညွှန်စာအုပ်ကို အဆင့်နှစ်ဆင့် ခွဲထားပါသည်။
စီးပွားရေးလုပ်ငန်းစတင်တည်ထောင်ခြင်း
အဆင့်၁ သည် စွန့်ဦးတီထွင်သူများ၊ ထုတ်လုပ်သူများ၊ ပြုလုပ်သူများနှင့် အသေးစား စီးပွားရေးစတင်နေသော လက်မှုပညာရှင်များ(တခါတရံ ပုံမှန်မဟုတ်သောစီးပွားရေး) အတွက်ရည်ရွယ်ပါသည်။ ဒါ့အပြင် အခြေခံကျသော စီးပွားရေးအယူအဆများ နှင့် ပြည်တွင်းဈေးကွက်ကို အဓိကထားခြင်းဖြင့် မိတ်ဆက်ပေးထားပါသည်။
အဆင့်၁တွင်အခန်း (၇)ခန်းဖြင့်ဖွဲ့စည်းထားပြီး ပထမ ၅ခန်းသည် အခြေခံစီးပွားရေးကို အဓိကထားပြီး -ဈေးကွက်နှင့် စီးပွားရေးကြားဆက်စပ်မှုများ၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းဆိုင်ရာနှင့် ဈေးနှုန်းတွက်ချက် သတ်မှတ်ခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် သင့်စီးပွားရေး တိုးတက်စေရန်နည်းလမ်း စသည့် သင်ခန်းစာများပါဝင်ပါသည်။
နောက်ဆုံးသင်ခန်းစာ နှစ်ခုမှာ စီးပွားရေးဆိုင်ရာ ကြိုတင်စီမံမှုများရေးှဆွဲခြင်း၊ ဝယ်သူအသစ်များရှာဖွေခြင်းနှင့် ပစ္စည်းအသစ်ထုတ်လုပ်ခြင်းဆိုင်ရာများ ပါဝင်ပါသည်။
အထက်ပါစီးပွားရေးဆိုင်ရာ အမြင်များကို မန္တလေးမြို့အပြင်ဘက်တွင် နေထိုင်သော မဆုဆု ဆိုသူ အောင်မြင်သော လက်ယက်ကန်း အထည် လုပ်ငန်းကို တည်ထောင်ထားသော အမျိုးသမီးလေး၏ အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပုံ ဘဝဇာတ်လမ်းဖြင့်ဖော်ပြထားပါသည်။
ဤစီးပွားရေးဆိုင်ရာ အတွေးအခေါ်များကို သရုပ်ပြပုံများ၊ စာများဖြင့် လေးထောင့်ပုံစံ အကွက်များဖြင့် ကြည့်ရှုသူမြင်သာအောင် ပြသထားပါသည်။
သင်ခန်းစာ တစ်ခုချင်းစီ၏ အဆုံးပိုင်းတွင်ပါဝင်သော လေ့ကျင့်ခန်းများဖြင့် မဆုဆုကို နမူနာထားကာ လေ့လာရသော သင်ခန်းစာများ ကို မိမိ၏ လက်မှုစီးပွားရေးတွင် ပြန်လည်အသုံးချနိုင်ရန်ထောက်ပံ့ပေးထားပါသည်။
ဇယားများ၊ စီးပွားရေးအသုံးပြု ဖောင်ပုံစံများနှင့် လမ်းညွှန်စာအုပ်ပါ အရင်းအမြစ်များကို အောက်တွင်ဆက်လက်ကြည့်ရှုပါ။
သင့်စီးပွားရေးတိုးတက်အောင်မြင်စေခြင်း
အဆင့် ၂ သည် ပိုမို အတွေ့အကြုံရှိသော လက်မှုပညာရှင်များနှင့် ကြီးမားသောစီးပွားရေးလုပ်ကိုင်နေသောလုပ်ငန်းပိုင်ရှင်များအတွက်ရည်ရွယ်ပါသည်။ သင့်စီးပွားရေးကို ပိုမိုအားကောင်းလာစေရန် လက်တွေ႕ကျသော သင်ခန်းစာများဖြင့် ပြည်တွင်းသာမက၊ အိမ်နီးနားချင်း နိုင်ငံများနှင့် နိုင်ငံရပ်ခြားဈေးကွက်များသို့ပါ ဝင်ရောက်နိုင်ရန်အတွက်ဖြစ်သည်။