ဤလမ်းညွှန်သည် မိမိ လက်မှုစီးပွားရေးကိုတိုးတက်လိုသူများအတွက် အထူးသင့်လျော်ပြီး ရေရှည်အောင်မြင်နိုင်သော စီးပွားရေးဖြစ်ဖို့ ရာ နောက်တစ်လှမ်း လှမ်းဖို့ အကူအညီပေးနိုင်သော လက်တွေ႔ကျသည့် လမ်းညွှန်ဖြစ်ပါသည်။
မြန်မာ့လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာ လမ်းညွှန်သည် သင့်အတွက်သာ မက သင့်ကိုအကူအညီပေးမည့်သူအတွက် အလွန်အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် လက်တွေ႔ကျသည့် စီးပွာရေးလမ်းညွှန်ဖြစ်ပြီး ပြုလုပ်သူများ၊ စီးပွားရေးစတင် တည်ထောင်ချင်သူများ ကိုရည်ရွယ်ပြီး အထူးသဖြင့် မြန်မာ့လက်မှုကဏ္ဍအတွက် အဓိကရည်ရွယ်ပြီး မြန်မာ့ ဓလေ့နှင့်ကိုက်ညီအောင် ပြန်လည်ရေးသား ထားခြင်းဖြစ်ပါသည်။
မြန်မာ့လက်မှုပစ္စည်းထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာ လမ်းညွှန်၏အဓိကရည်ရွယ်ချက်မှာ လက်မှုပစ္စည်းထုတ်လုပ်သူတိုင်းကို အသစ်အသစ်သော စီးပွားရေးဆိုင်ရာ အရည်အချင်းများ၊ ဈေးကွက်ရှာဖွေရေး၊ လက်ရှိစီးပွားရေးတိုးတက်လာစေရန်နှင့် တိုးတက်လာသော မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင်ပါ ကူညီပေးနိုင်ရန်ဖြစ်သည်။
လက်မှုပစ္စည်း ဝယ်ယူလိုသူ များပြားလာခြင်း၊ တမူထူးခြား ပုံစံဆန်း လက်မှုပစ္စည်းများ ထုတ်လုပ်မှု များပြားလာခြင်းတို့ကြောင့် မြန်မာလက်မှုပညာရှင်များ အနေဖြင့် ဝယ်ယူသူများ၏ အမြင်နှင့် ကိုက်ညီမှုရှိစေရန်လည်း လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ဤလက်မှုပညာရှင်များအတွက် စီးပွားရေးလမ်းညွှန်ကို ဝယ်ယူသူများ၏အမြင်ဘက်မှ ရေးသားထားခြင်းဖြစ်ပါသည်။